The Kangaroo Conspiracy HD

The Kangaroo Conspiracy

Comedy HD 2022-08-25 5.875 101 Min

မာ့အူဝယ် နဲ့ ဇာတ်လိုက်ကျော် သားပိုက်ကောင်တို့က တိုက်ခန်းတစ်ခုတည်းမှာ အတူနေထိုင်ကြတဲ့ ရန်ဖြစ်ပြန်ချစ်ညီအစ်ကိုတွေပါ။ အူဝယ်ကဘေးအခန်းမှာနေတဲ့ မာရီယာဆိုတဲ့ တစ်ခုလပ်မလေးကို ကြိတ်ကြွေနေတာဖြစ်ပြီး နီးစပ်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့သူတို့နှစ်ယောက် ဒိတ်ကြည့်တဲ့အခါမှာ သားပိုက်ကောင်ကြောင့် ကမောက်ကမတွေ ဖြစ်ခဲ့ရပြီး ရှေ့ဆက်လို့မရဖြစ်သွားခဲ့တယ်။အဲဒီအချိန်မှာပဲ မာရီယာရဲ့ ခင်ပွန်းဟောင်း ဂျိုးကလည်း ထောင်ကလွတ်လာပြီး သူ့ဆီပြန်ချဉ်းကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အလောင်းအစားတစ်ခု ပေါ်လာပြီး ဒီဇာတ်လမ်းကြီး စတင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ မာရီယာ့ရဲ့ အမေဖြစ်သူ လစ်စဘက်ကို “ရာသီဥတုပြောင်းလဲမှုဆိုတာ တကယ်မရှိဘူး”လို့ သူယုံကြည်နေတဲ့အရာကနေ အစွဲလွတ်သွားအောင် လုပ်ပေးနိုင်ရင် သူတို့နှစ်ယောက် ထပ်ဒိတ်လို့ရမှာဖြစ်ပြီးရှုံးခဲ့ရင်တော့ အူဝယ်တို့နေတဲ့ တိုက်ခန်းကို မာရီယာ့ဆီ ပေးလိုက်ရမှာပါ။ဒီတော့ လစ်စဘက်ကို အစွဲကျွတ်အောင် ချွတ်ပေးနိုင်မလား၊ အူဝယ်နဲ့ မာရီယာပဲ ပြန်အဆင်ပြေသွားမလား၊ ဒါမှမဟုတ် ဂျိုးနဲ့ပဲ ဇာတ်ပေါင်းထုပ်သွားမလား ဆိုတာကိုတော့ သားပိုက်ကောင်ရဲ့ ရှုပ်ထွေးပွေလီခရီးစဉ်ကနေ ရယ်စရာလေးတွေနဲ့အတူ ပြောပြပေးသွားပါလိမ့်မယ်။