၂၀၁၅ ခုနှစ်မှာထွက်ရှိထားတဲ့ ဆုတံဆိပ်အောင်မြင်မှုများနဲ့ IMDb 7.9/10 အထိရရှိထားပြီး Sarmasil(IVY)ဆိုတဲ့သင်္ဘောပေါ်ကပရိပက္ခတွေပြဿနာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။IVY ဆိုတဲ့သင်္ဘောဟာ အီဂျစ်မှာကုန်အတင်အချလုပ်ပြီး အန်ဂိုလာကိုပို့ဖို့ရည်ရွယ်ခုတ်မောင်းခဲ့ပါတယ်။ဒါပေမယ့် အဲ့လိုသွားနေတုန်းမှာပဲ သင်္ဘောရဲ့ပိုင်ရှင်တွေဟာသင်္ဘောသားတွေကို လစာမပေးနိုင်တဲ့အပြင်ကုမ္ပဏီပါဒေဝါလီခံသွားရပါတယ်။ အီဂျစ်ကိုရောက်တဲ့အခါမှာလည်း ပိုင်ဆိုင်မှုပြဿနာတွေကြောင့်သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုတက်လို့မရဘဲပိုင်ရှင်ကဖြေရှင်းပေးမှာကိုစောင့်ကြရပါတော့တယ်။အဲ့လိုစောင့်နေရင်း ရက်တွေလတွေ ကြာလာပြီး ရိက္ခာတွေကုန်သလောက်ဖြစ်လာတဲ့အခါမှာတော့…