ဂျပန်သူလေး ဆာရီတာ ယူရီကိုက လွန်ခဲ့တဲ့ သုံးနှစ်က တိုကျိုကို ခရီးထွက်လာတဲ့ ကိုရီယားသားလေးနဲ့ ၁၅ မိနစ်လောက် စကားပြောမိရာကနေ အမှတ်မထင် ချစ်မိသွားခဲ့တယ် …ဒါပေမဲ့ ရုပ်ရည်ကိုတော့ အတိအကျ မမှတ်မိတော့သလို နာမည်ကိုလည်း မမေးထားမိဘူး … ကုံးဂျူဆိုတဲ့ မြို့လေးက လာတယ်ဆိုတာကိုပဲ သိခဲ့ရတယ်…ဒါပေမဲ့လည်း ပြန်တွေ့ရမယ်လို့ ယုံကြည်ပြီး ကိုရီးယားဘာသာစကားကို ၃နှစ်တိုင်တိုင် သင်ယူပြီးတော့ အဲဒီအမျိုးသားကို ရှာဖို့ ကိုရီးယားကို ထွက်လာခဲ့တယ် …. အဲဒီနောက်မှာ သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှူအားပေးလိုက်ကြပါဦးနော်….