Remakeကားတွေ မူလရုပ်ရှင်ကို မှီတာအတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီလိုရှားတဲ့အထဲက တစ်ကားပါပဲ။သိသလောက်တော့ကိုရီးယားရုပ်ရှင်တွေကို remakeပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာပျက်ကြတာ အတော်များတယ်။ Old Boyတို့My Sassy Girlတို့ IIMareတို့ဆိုပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့်မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကိုဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်းပိုပြီးတာသွားတယ်။မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကိုကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာပိုခံစားလို့ရမှာတော့ သေချာပါတယ်။ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီးကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲဂြိုလ်ဆိုး၀င်ချက်ကတော့အခြေအနေအကြောင်းကြောင်းကြောင့်စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာသူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်းအရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကိုမိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲဘာမှမရှိတဲ့အဖေတစ်ယောက်ရယ်အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာတွေ့ခွင့်ရဖို့ကြိုးစားကြရင်းဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေကကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့တစ်ရှုးတစ်ရွက်လောက်တော့ဆောင်ထားသင့်တယ်။Turkey Youth Awards (2020)နဲ့Golden Palm Awards (2020)တို့မှာ Best Filmဆုရထားပြီးအော်စကာပွဲမှာ Best InternationalFeature Filmဆုအတွက်ယဉ်ပြိုင်ခွင့်ရတဲ့တူရကီရုပ်ရှင်အဖြစ်အရွေးခံခဲ့ရတယ်ဆိုတော့Remakeပေမယ့် အတော်အောင်မြင်တဲ့Remakeပါပဲ။