ထန်မင်းဆက်ရဲ့ဧကရီဘုရင်မ အုပ်ချုပ်တဲ့အချိန်မှာကျိုင်းကောင်ကပ်ဘေးကျရောက်တာကြောင့်ဒုက္ခသည်တွေကိုကယ်ဆယ်ဖို တိုင်းပြည်ဘဏ္ဍာတိုက်ကနေရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်၊ဒါပေမဲ့လည်း ငွေတုံးတွေဟာသယ်ယူပိုဆောင်တဲ့လမ်းခရီးမှာတင် လုယက်ခံလိုက်ရပါတယ်…ဒါပေမဲ့ ထင်သလောက်တော့ သူခိုးဓားပြလုယက်ရုံသာမာန်အမှုလောက်တော့မဟုတ်ခဲ့ပါဘူး၊အမှုမဖြစ်ခင်မှာ “ယင်းယန်လိပ်ပြာ”လိုခေါ်တဲ့နှစ်ရောင်ပြန်လိပ်ပြာအုပ်စုပေါ်လာပြီး ငွေသတ္တာတွေဟာလေထဲမှာရုတ်တရက်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်…ဒါကြောင့် သံသယဝင်စရာပစ်မှတ်ဟာ “ယင်းယန်လိပ်ပြာ”တွေဖြစ်နေတဲ့အခါ…တကယ်ပဲ ထင်ထားသလိုဖြစ်နေမလားဆိုရိုးရှိသလို မိစ္ဆာဝိညာဉ်ထက် လူ့မိစ္ဆာစိတ်/မကောင်းတဲ့လောဘစိတ်ကပိုကြောက်စရာကောင်းတယ်ဆိုသလိုနောက်ကွယ်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလား?ရည်ရွယ်ချက်အစစ်မှန်ကရော ငွေတွေသိမ်းပိုက်နိုင်ဖိုပဲလား…?“စုံထောက်ကြီးဒီးရန်ကျယ်”ဆိုတိုင်း အမှုတစ်ခုကိုပဟေဠိဆန်ဆန်ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာတွေ့မြင်ရမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးရှင့်…