Phantom Project HD

Phantom Project

Comedy HD 2022-01-26 6 97 Min

ပါဘလိုရဲ့အိပ်မက်က ရုပ်ရှင်တစ်ခုမှာ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ခွင့်ရပြီး နာမည်ရလာဖို့။ ခု​ခေတ်လူငယ်အများစုလိုပဲ သူလည်း စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာအဘက်ဘက်ကရုန်းကန်နေရတဲ့သူတစ်ယောက်ပါပဲ။ သူ ချစ်ရသူနဲ့လမ်းခွဲလိုက်ပြီး Move on ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာလည်း လမကုန်ခင်ပိုက်ဆံပြတ်မသွားဖို့ဆေးရုံမှာသရုပ်ပြလူနာဝင်လုပ်ပေးလိုက် စိတ်ကျန်းမာရေးစင်တာက Therapy Session တွေအတွက် သရုပ်ပြဝင်လုပ်ပေးလိုက်နဲ့ သူသွားချင်တဲ့ Career လမ်းကြောင်းကနေတဖြည်းဖြည်းဝေးသွားသလိုဖြစ်နေတယ်။ အခန်းဖော်ကလည်း ပါဘလိုကိုပေးစရာရှိတဲ့ပိုက်ဆံတွေမပေးဘဲ တိုက်ခန်းကပြောင်းသွားတယ်။ ပါဘလိုမှာကျန်ခဲ့တာက သူ့အခန်းဖော်ရဲ့ခွေးရယ်၊ Cardiganတစ်ထည်ရယ်၊ သရဲတစ်ကောင်ရယ်။ သေသွားတဲ့ Cardigan ပိုင်ရှင်က သူ့အဝတ်ကိုစိတ်စွဲပြီး မကျွတ်မလွတ်ဖြစ်နေတာပါ။ အဲဒီလိုဆိုလို့ ဒါကသရဲကားရယ်လည်းမဟုတ်ပါဘူး။သရဲကားဘက်လည်းသိပ်မရောက် Psycho ဘက်လည်းသိပ်မရောက်ဘူးပြောရမယ်။ အင်္ကျီက ချိတ်ကနေခဏခဏပြုတ်ကျတယ်။ ပစ္စည်းတွေကျကွဲတယ်။ ပါဘလို အိမ်မှာမရှိတဲ့အချိန်အောက်ထပ်ကနေခြေသံတွေကြားရတာမျိုးတွေပေါ့။ဝိညာဥ်က ပါဘလိုကို သူ့ဘဝ Direction ပြန်တွေ့အောင် လိုက်ကူညီတဲ့သဘောမျိုးလည်းတွေ့ရတယ်။ ပါဘလိုရဲ့ဘဝမှာ အပြောင်းအလဲတွေစဖြစ်လာတာ ဥပမာ –Audition ဝင်ဖြေပြီးအောင်သွားတာ၊ ရည်းစားသစ်ရတာ စသဖြင့်ပေါ့။ ဒါပေမဲ့ ဝိညာဥ်နဲ့ ပါဘလိုရဲ့ချိတ်ဆက်မှုကို ပေါ်လွင်အောင်ရိုက်မပြထားနိုင်သလိုခံစားရတယ်။ ဥပမာ – ညစ်ညမ်းတဲ့အိပ်မက်တစ်ခုမက်​ပြီးတဲ့နောက်မှာပေါ်လာတဲ့ ပါဘလိုရဲ့ကျောက အမာရွတ်တွေအရ ဝိညာဥ်က ခြောက်တာလား စောင့်ရှောက်တာလားဆိုတာ နည်းနည်းတွေးရခက်ပါတယ်။