Gangs of Lagos FHD

Gangs of Lagos

Crime FHD 2023-04-07 6.269 124 Min

ဂိုဏ်းဂဏတွေ ဂန်းစတားတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာ ပေါချင်းသောချင်းပါပဲ…ကျွန်တော်တို့ဟာ ဟောလီးဝုဒ်နဲ့ အရှေ့တိုင်းက ဂန်းစတားတွေကို ထပ်ဖန်တလဲလဲ ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ကြပြီးပါပြီ…ဒီဇာတ်ကားလေးမှာတော့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့ကဂိုဏ်းတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်…သူတို့လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေ… ဘယ်လိုလည်ပတ်ကြလဲ… လူမိုက်ဆိုတာဘာလဲ…. ယုံကြည်ကိုးကွယ်မှုက ဘယ်အတိုင်းအတာထိလွှမ်းမိုးထားသလဲ… ဒီဂိုဏ်းဂဏတွေက နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ ဘယ်လိုပါဝင် ပက်သက်လဲ… တစ်သက်လုံး လူဆိုးလူမိုက်တွေ အဖြစ်ပဲ နေသွား သေသွားကြလားဆိုတာကို ကြည့်ရှုရမှာပါ…ဇာတ်လမ်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဖအေ ဂန်းစတားကြီး နီနိုကို သတ်သွားတဲ့ ရန်သူတော်တွေကို လက်စားချေဖို့ ဘယ်လိုတွေ လှုပ်ရှားဆောင်ရွက်ကြသလဲဆိုတာကိုပုံဖော်ထားတာပဲဖြစ်ပါတယ်… ဂန်းစတားကားတွေ ကြည့်ချင်ရင်တော့ ဖီလင်အသစ်ကို ပေးမေယ့် အာဖရိက ဂိုဏ်းကားလေးကို ကြည့်ဖို့ အကြံပြုလိုက်ပါတယ်… Rating ကလည်း မသေးလှပါဘူးဗျ RT86%တောင် ရထားပြီး IMDBလည်း 6.3 ရှိပါတယ် ။