သားလေး ၂ယောက်အမေ အီဒစ်သ်တို့လင်မယားဟာ ကျူးဘားနိုင်ငံသားတွေဖြစ်ကြပါတယ်။အီဒစ်သ်ဟာ ရုပ်သေးရုပ်ကပြဖျော်ဖြေတဲ့ အမျိုးသမီးတစ်ယောက်ပါ။သူမရဲ့အမျိုးသားနဲ့အတူ တခြားနိုင်ငံကိုရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ဖို့ပြင်နေပါတယ်။ဒါပေမဲ့ တစ်ချက်ချက် အမျိုးသားဖြစ်သူနဲ့လည်း အတိုင်အဖောက်မညီဖြစ်ပြီးစကားတွေများရတတ်တာပေါ့ ယောက်ျားလေးများရဲ့ သဘာဝနဲ့ မိန်းကလေးတို့ရဲ့ သဘာဝအရ။ဒါပေမဲ့လည်း နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမေရိကကိုသွားဖို့ ပြင်ဆင်စရာအားလုံးပြင်ဆင်စီစဉ်စရာအားလုံးစီစဉ်ပြီးသွားတဲ့နောက်မှာ သူတို့မိသားတစ်စု နိုင်ငံကနေ အဆင်ပြေပြေထွက်ခွာပြီးမိသာစုလေးပျော်ရွှင်စွာ ဆုံစည်းနိုင်မလား အလွဲလွဲ အကွဲကွဲလေးတွေဖြစ်လာဦးမလားဆိုတာတော့ ဇာတ်ကားထဲမှာ အဖြေရှာဖော်ထုတ်ကြည့်စေချင်ပါတယ်ခင်ဗျာ။