စကိုင်းရဲ့မိဘတွေက ချုပ်ချယ်လွန်းတဲ့မိဘတွေပါ။ အထက်တန်းကျောင်းသူအရွယ်ပဲရှိသေးတဲ့စကိုင်းကို ပါတီမသွားရဘူး၊ ရည်းစားမထားရဘူး၊ မိတ်ကပ်မလိမ်းရဘူး၊ ငါတို့ဝယ်ပေးတဲ့အဝတ်အစားတွေပဲဝတ်ဆိုတဲ့ မိဘတွေပေါ့။ စကိုင်းကလည်း တက္ကသိုလ်တက်ရင်တောင် သူသင်ချင်တဲ့ပန်းချီမသင်ဘဲ မိဘတွေစိတ်ကြိုက် ဗိသုကာတက်ဖို့အထိ နာခံတဲ့ သမီးလိမ္မာလေး။ ဒီသမီးလိမ္မာလေးကိုသူ့bffဖြစ်တဲ့ လူစီက အားမရပါဘူး။ဒါကြောင့် အထက်တန်းမပြီးခင် အထက်တန်းကျောင်းသူဘဝကိုအကောင်းဆုံးနေမယ်ဆိုပြီး စကိုင်းကိုပါတီတစ်ခါခိုးခေါ်သွားလိုက်တာ စကိုင်းက ရည်းစားရသွားပါတယ်။ ဘဲရသွားတဲ့စကိုင်းက ဘဲနဲ့ပဲအချိန်ကုန်ပြီး လူစီ့ကိုပလစ်ပါတော့တယ်။ တစ်ယောက်တည်းဖြစ်သွားတဲ့ လူစီက စကိုင်းမရှိတော့ စကိုင်းရဲ့အစ်ကိုနဲ့ အနေနီးပြီးတွဲဖြစ်သွားပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ စကိုင်းရော လူစီရော ပြိုင်တူကိုယ်ဝန်ရလာကြပါတယ်။ မိဘတွေကတော့ သူငယ်ချင်းနှစ်ယောက်က ကိုယ်ဝန်ပြိုင်တူရအောင် တမင်လုပ်တာလားလို့ မယုံသင်္ကာဖြစ်ကြတာပေါ့။ စကိုင်းတို့ကိစ္စကြောင့် စိတ်ရှုပ်နေကြချိန်မှာပဲ စကိုင်းရဲ့မိဘတွေက ခြိမ်းခြောက်စာတွေပို့ခံရ စီးပွားပျက်လုနီးပါး နှောင့်ယှက်ခံရနဲ့ အခက်အခဲမျိုးစုံတွေ့ပါတော့တယ်။ ဒါတွေရဲ့ နောက်ကွယ်ကတရားခံကဘယ်သူလဲ ဘာလို့စကိုင်းတို့မိသားစုကို ပစ်မှတ်ထားနေရတာလဲ သူငယ်ချင်းနှစ်ယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမဲ့ Thriller ကားလေးဖြစ်ပါတယ်။