No Boys, No Cry HD

No Boys, No Cry

Drama HD 2009-05-28 5.6 115 Min

ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်ကားတွေ ကြည့်ဖူးသူတိုင်း မစိမ်းတဲ့လောက်မယ့်မင်းသား Ha JungWoo နဲ့ ဂျပန်မင်းသား Satoshi Tsumabuki တို့အတွဲညီညီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကိုရီးယားလူမျိုးဖြစ်တဲ့ ဟွန်းဂူဟာ အသက် ၆ နှစ်အရွယ်တည်းက အမေ့ဆီက စွန့်ပစ်ခံခဲ့ရသူပါ။မှောင်ခိုသမား ဦးလေးကြီးဘိုဂယောင်းဆိုသူ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့။ဘဝတစ်လျှောက်လုံးမှာ “အမေက ဘာလို့ စွန့်ပစ်သွားတာဖြစ်မလဲ” ဆိုတဲ့အတွေးနဲ့ဘိုဂယောင်းအပေါ် သစ္စာရှိဖို့ကလွဲရင် ဘာအတွေးမှ မရှိတဲ့သူပါပဲ။ဟွန်းဂူ မှောင်ခိုပစ္စည်းလာပို့တိုင်း ဂျပန်ဘက်ကနေ သူ့ကို လာကြိုနေကျသူကတော့ တိုရုပါပဲ။ဂျပန်ကောင်လေး တိုရုကို အားလုံးက ခပ်နုံနုံလေးလို့ပဲ ထင်ခဲ့ကြပါတယ်။တစ်နေ့ ဦးလေးကြီးဘိုဂယောင်းက သူတို့နှစ်ယောက်ကိုဂျီဆုဆိုတဲ့မိန်းကလေးကို ပြန်ပေးဆွဲပြီး ဂျပန်ကို ခေါ်လာခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ကိစ္စတွေက ထင်သလို မဖြစ်တဲ့အပြင်ဟွန်းဂူတစ်ယောက် တိုရုရဲ့ပုံစံအမှန်ကိုပါ သိလာရတဲ့အခါ..။မိသားစုအပေါ် တာဝန်သိတတ်တဲ့ တိုရုနဲ့ မိသားစုဆိုတာ ဘာလဲမေးခွန်းထုတ်နေဆဲ ဟွန်းဂူတို့ ကြား ဘယ်လိုမျိုး အဆက်အသွယ်လုပ်မလဲ။မတူညီတဲ့ ဘာသာစကား၊ ရှင်သန်လာမှုပတ်ဝန်းကျင် ကွဲပြားတဲ့ လူနှစ်ယောက်ရဲ့လူငယ်ဘဝကို ဆွဲဆောင်မှုရှိရှိ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။