တစ်ညလောက်လေးပဲအတူနေခဲ့ရတဲ့ ဂျိုဗားနားနှင့် ယာဂိုတို့နှစ်ယောက်၊ ထိတွေ့မိတဲ့လူတိုင်းကိုသေစေတဲ့ အပန်းရောင်တိမ်ဆိုင်ကြီးတစ်ခု ကောင်းကင်ပေါ်မှာရုတ်တရက်ပေါ်လာတဲ့အခါတော့ နှစ်ယောက်စလုံးတစ်အိမ်ထဲမှာပဲပိတ်မိသွားကြပါတော့တယ်။ အနေနီးရင် သံယောဇဉ်ဖြစ်သွားတတ်တယ်ဆိုတဲ့အတိုင်း တိမ်ဆိုင်ကြီးပျောက်ကွယ်သွားမယ့်နေ့ရက်ကိုစောင့်ဆိုင်းနေတဲ့ သူတို့နှစ်ယောက်။တစ်ယောက်အကြောင်းတစ်ယောက်လေ့လာရင်း သူတို့မသိလိုက်ခင်မှာပဲ သံယောဇဉ်ကြိုးလေးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဒါပေမဲ့ ပိတ်လှောင်ပြီးနေရတာကြာလာတဲ့အခါ စိတ်တွေထွေပြားပြီး အဆိုးဘက်ကိုဦးတည်လာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ဒီတိမ်ဆိုင်ကြီးက လူသားမျိုးနွယ်ကိုအဆုံးသတ်စေမှာလားဆိုတာကို ဇာတ်ရှိန်ခပ်အေးအေးလေးနဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။