အတိတ်က ဂမ်မာရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်ယောက် ဂျက်အဖြစ်သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်နေရာကနေ ကွန်းကားရှင်းတစ်ယောက် ကမ္ဘာမြေဆီ နှစ် ၃၀လောက် အကြာမှ ပြန်ပေါ်လာမယ်လို့ ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် ကလေးတွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့သစ်ကို လေ့ကျင့်ပေးဖို့ တာဝန်ကျလာတဲ့အခါ…အဖွဲ့ဝင်သစ်တွေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ… နောက်ဆုံး အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကားလေး တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကားတွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim Allen, ဂန္ထဝင်မြောက် Sitcom တစ်ခုဖြစ်တဲ့ FRIENDS မှာ Monica အနေနဲ့ သိခဲ့ကြတဲ့ မမ CourtneyCox တို့ ဦးဆောင်ပါဝင်ထားတာဖြစ်တာမို့ Rating မကောင်းတောင် Nostalgic ဖြစ်စေမယ့် ကားဟောင်းတစ်ကားပါပဲ။