ဒီဇာတ်လမ်းလေးမှာ အကြောင်းကိစ္စတစ်ခုခုကြောင့် စိတ်ပင်ပန်းပြီးခက်ခဲလာရင်တောင် အားမလျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင်အရာရာကိုပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံဖော်ထားတယ်။ မြင်းတွေနဲ့လူတွေရဲ့သဘောသဘာဝကို အသာပေးရိုက်ပြထားတာကြောင့် အပြင်လောကမှာဖြစ်ပျက်နေတာတွေနဲ့ဆက်စပ်မှုရှိပါတယ်။ဂျော်ကီတစ်ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်းတွေကိုလေ့ကျင့်ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကူပါး ငွေစိုက်သူပေါ့သူတို့နှစ်ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ဖြစ်ချင်တော့ ကိစ္စတွေက ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ်တစ်ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစားနေချိန်မှာ“ကံဆိုးမသွားလေရာ အရပ်တိုင်း မိုးလိုက်၍ရွာ”ဆိုသလို သမီးဖြစ်သူကို ဒုက္ခိတဖြစ်သွားစေတဲ့အခြေအနေနဲ့ ကြုံ့တွေ့လိုက်ရတဲ့အခါမှာတော့…