Pichaikkaran HD

Pichaikkaran

Action Drama Thriller HD 2016-03-03 7.2 130 Min

ဒီတစ်ခါမှာတော့ Pichaikkaranဆိုတဲ့ အိန္ဒိယဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။အာရူးဟာချည်ငင်စက်ရုံပိုင်ရှင်သူဌေးမကြီးရဲ့ သားတစ်ယောက်ဖြစ်ပြီး နိုင်ငံခြားမှာပညာတော်သင်နေတာပါ။တစ်နေ့သူပြန်ရောက်လာပြီး လုပ်ငန်းတွေကိုစတင်လေ့လာခဲ့တယ်။အမေ့ကိုဝင်ကူခဲ့တယ်။အဲ့အချိန်မှာ အာရူးရဲ့အမေကစက်ရုံထဲမှာမတော်တဆဖြစ်ပြီး ကိုမာဝင်ခဲ့ပါတယ်။ပြန်မကောင်းနိုင်တော့ဘူးဆိုပြီးဆရာဝန်တွေကတောင်လက်လျှော့ခဲ့ပါတယ်။အဲ့အချိန်မှာ အာရူးဟာ ဂုရုတစ်ယောက်နဲ့တွေ့ပြီးသူတောင်းစားလို့ တောင်းစားပြီး ၄၈ရက်နေနိုင်ရင်မင်းအမေကိုပြန်ရမယ်ဆိုတဲ့စိန်ခေါ်မှုနဲ့ကြုံခဲ့ရပါတယ်။လူပေါ်ကျော့သူဌေးသားလေးအဖို့သူတောင်းစားအနေနဲ့နေဖို့ကလုံးဝမဖြစ်နိုင်သလို တစ်ဘက်မှာလည်း မိခင်ရင်းဖြစ်နေပါတယ်။အဲ့တော့အာရူးဘယ်လိုဆုံးဖြတ်သွားမလဲ ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ရှင်။