Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ်အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထားတာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကိုဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမားမုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီးတော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYUကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်းသူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကိုစည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာတွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက်သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာတွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။