In Her Place HD

In Her Place

Drama HD 2014-09-04 6.2 115 Min

ဒီတစ်ခါမှာတော့ ဒရမ်မာတစ်လိုင်းဇာတ်အေးဇာတ်ငြိမ်လေးကြိုက်တဲ့ပရိသတ်တို့အတွက်…Drama, Adoption အမျိုးအစားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားလေးထဲမှာတော့..Pyramid Game(2024)က အလုပ်ထွက်သွားတဲ့ဆရာမလေးနဲ့..ဘဲ့ဟာရင်းရဲ့အဖွားအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Ahn Ji Hye၊ မင်းသမီးကြီး Yoon Da Kyung တို့အပြင်..အခြားသောအနုပညာရှင်များဖြစ်ကြတဲ့ Gil Hae-Yeon, Chang Hwan Kim, Kim Gyeong-ikတို့…အဓိကပါဝင်ပြီး သရုပ်ဆောင်ထားကြပါတယ်။Canadian Screen Awards မှာ nomination ဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပြီး…ကနေဒါရုပ်ရှင်ဒါရိုက်တာ Albert Shin ရဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း———–ဆိုးလ်မြို့ပေါ်ကချမ်းသာတဲ့လင်မယားဟာ ကျေးလက်ဒေသလေးတစ်ခုမှာနေတဲ့…သားအမိဆီကိုလျှို့ဝှက်စွာရောက်ရှိလာကြပါတယ်အကြောင်းကတော့ဆက်ကျော်သက်ကောင်မလေးရဲ့ကိုယ်ဝန်ကိုစောင့်ယူပြီးကလေးကိုမွေးစားကြဖို့အတွက်ပါကိုယ်ဝန်လွယ်ထားစဥ်တစ်လျှောက်လုံး..အတူနေပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့… သူတို့သဘောတူညီချက်တွေနဲ့ကွဲလွဲနေတဲ့အပြင် ကောင်မလေးကလည်း တစ်ခုခုမှားယွင်းနေတာကိုသိလာတော့တယ်။စီစဥ်ထားကြတဲ့အတိုင်းကလေးမွေးလာပြီး..ကိစ္စတွေအဆင်ချောစွာနဲ့ပြီးဆုံးသွားပါ့မလားဘယ်လိုအလှည့်အပြောင်းဖြစ်လာဦးမလဲဆိုတာ…ကြည့်ရှုလိုက်ကြရအောင်နော်။