“မင်းကပါ ငါ့ကို ဒီလိုလုပ်လို မဖြစ်ဘူးနော် မင်းပဲဖြစ်ဖြစ်ရှိနေလို ငါအဆင်ပြေနေတာ ”ဂီထယ်ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက်ဂီထယ်ရဲ့ဖခင်ဟာ သားဖြစ်သူအပေါ် ဖခင်ဝတ္တရားပျက်ကွက်ခဲ့တာကြောင့် အပြစ်ရှိစိတ်ခံစားခဲ့ရပါတယ် ..ဂီထယ်မှာ ဟီဂျွန်းနဲ့ ဒုံယွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးဟီဂျွန်းကတော့ ဂီထယ်မသေဆုံးခင် တစ်ပတ်အလိုမှာ ကျောင်းပြောင်းသွားခဲ့ပြီးတော့ဒုံယွန်းကတော့ သူငယ်ချင်းဖြစ်သူဂီထယ်ရဲ့စျာပနကို မလာခဲ့ပါဘူး။ဒီလိုနဲ့ပဲ ဂီထယ့်အဖေဟာ သူငယ်ချင်းတွေရဲ့စကားတွေကနေတစ်ဆင့်သားဖြစ်သူသေဆုံးမှုကို သိသွားနိုင်မလား….အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတွေကရော ဘာတွေ ဖုံးကွယ်ထားကြသလဲ….ဂီထယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသားလေးကရောဘာတွေကြောင့် ဒီလိုသေဆုံးသွားရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဒီရုပ်ရှင်ကားလေးမှာကတော့ ဂီထယ်အဖြစ်Taxi Driver 1/2 , Move To Heaven ထဲမှ မင်းသား Lee Je-Hoon ၊ဟီဂျွန်းအဖြစ် Hellbound, The 8Show ထဲမှ Park Jeong-Min ၊ဒုံယွန်းအဖြစ် Apple Of My Eye ,The Brave Yong Su-Jeong ထဲမှ Seo Jun-Young နဲ့ဂီထယ့်အဖေအဖြစ် မင်းသားကြီး Cho Seong-Ha တို့မှ အဓိကထားပါဝင်ထားပြီးလူငယ်ဘဝမှာဖြစ်တတ်တဲ့ သူငယ်ချင်းအပေါ်ချစ်ခင်စိတ်, မနာလိုဝန်တိုစိတ်အပြင်မိဘတွေရဲ့မေတ္တာကိုအပြည့်အဝမရရှိတဲ့ ကလေးတစ်ယောက်ရဲ့စိတ်ကိုပါ မီးမောင်းထိုးပြထားတဲ့ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးနော် ..