Less Than Evil ဇာတ်ကားနဲ့ လူသိများလာတဲ့ မင်းသမီး Lee Seol ရဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်စကား တတ်ကျွမ်းထားပြီးစကားပြန် လက်မှတ်ပါ ရရှိထားတဲ့ ဟန်ယောင်း(Lee Seol)ကတော့ကိုရီးယားမှာ ခရီးသွား စကားပြန်အဖြစ် လုပ်ကိုင်ရင်းနေထိုင်နေတဲ့ ကောင်မလေးပါ။မြောက်ပိုင်းကနေ ပြောင်းရွှေ့လာတဲ့ ဟန်ယောင်းဟာ စကားပြန် အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုရင်း တောင်ကိုရီးယားနိုင်ငံမှာ နေသားကျအောင်ကြိုးစားခဲ့ပေမဲ့လည်း မောင်လေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့ အချိန်ကစပြီးစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ဒါအပြ် တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားက နိုင်ငံရေး တင်းမာမှုတွေကြောင့်ခရီးသွား အရေအတွက်ကလည်း လျော့နည်းလာပြီး ဟန်ယောင်းရဲ့ စားဝတ်နေရေးကိုပါထိခိုက်လာခဲ့ပါတယ်။မြောက်ပိုင်းကနေ ပြောင်းရွှေ့လာတဲ့ ဟန်ယောင်းတစ်ယောက် ဒီစိန်ခေါ်မှုတွေကိုဘယ်လို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှူပေးကြပါဦးနော် ..