နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့ဘတ်စကက်ဘောအိပ်မက်ဟာအရမ်းကိုရူးသွပ်ပြီးခိုင်မာတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကိုမှီငြိမ်းပြီးရိုက်ထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်။ဘတ်စကက်ဘောကိုချစ်တဲ့ရှောင်းယွီဖန်ဟာနယ်မြို့လေးမှာအလယ်တန်းအောင်ပြီးတော့မြို့ကြီးကိုတက်ပြီးအထက်တန်းတက်ရတဲ့အခါသူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘတ်စကက်ဘောအားကစားချန်ပီယံဖြစ်ဖို့ရာအတွက်ကျောင်းဘတ်စကက်ဘောအသင်းကိုဝင်နိုင်ဖို့ နည်းလမ်းစုံကြိုးစားရပါတယ်။အစပိုင်းမှာခက်ခဲပေမယ့် အခွင့်အရေးကြုံတော့ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။လူငယ်သဘာဝ စိတ်ဆတ်ကြတဲ့အတွက် အဖုအထစ်လေးတွေနဲ့အဆင်မပြေမှုတွေရှိခဲ့ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ အထင်လွဲတာတွေရှင်းသွားပြီးတော့ သူငယ်ချင်းသံယောဇဉ်တွေဖြစ်လာကြပြီးအားလုံးအတူနိုင်ငံအဆင့်ချန်ပီယံဖြစ်ဖို့အစွမ်းကုန်ကြိုးစားကြတဲ့ဘဝခရီးအကြောင်းလေးဖြစ်ပါတယ်။အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်း တူညီတဲ့အိပ်မက်အတွက်နုပျိုဆန်းကြယ်တဲ့အထက်တန်းကျောင်းသားလေးတွေရဲ့အင်အားနဲ့ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားသွားတဲ့လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။