အသစ်ထွက်ရှိလာတဲ့ ကျေးလက်အငွေ့အသက်အပြည့်နဲ့ဇာတ်အနိမ့်အမြင့်တွေခွဲခြားခံရတဲ့ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ရယ်ရာထူးလိုချင်သူတွေကြားက ပြဿနာတွေ နောက်ပြီးနင်းပြားတွေရဲ့ဘ၀ ဖိနှိပ်ခံရမှုတွေကိုမီးမောင်းထိုးပြထားတဲ့တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဗာနန်ဂန်ကူဒီကျေးရွာမှာ ရွာသူကြီးနေရာအတွက် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေကြပါတယ်။စီစဉ်နေကြပါတယ်လို့ ပြောပေသိ ဆယ်စုနှစ်တစ်ခုလောက်အုပ်စိုးခဲ့တဲ့ဇာတ်မြင့်က ရွာသူကြီး ကိုပူလင်ဂမ်ကပဲဆက်လက်တင်မြှောက်ခံရဖို့များနေပါတယ်။ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုကြောင့် ရွာသူကြီးနေရာ ဝင်အရွေးခံလို့မရတဲ့အချိန်မှာတော့သူ နှိမ်ချပြီး အောက်တန်းစားလို့သတ်မှတ်ထားတဲ့ သူ့အိမ်က အိမ်အကူ ကိုဇ်ပါနန်ကိုရွာသူကြီးနေရာပေးဖို့ ကြံစည်တဲ့အခါမှာတော့။