အရမ်းတော်တဲ့ ကောလိပ်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် မတော်တဆတစ်ခုမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့်ဘယ်တော့မှ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဘရန်ဒန်လန်းဟာ လောင်းကစားဘက်မှာတော့သူ့မှာ ထူးချွန်တယ်လို့ဆိုရမယ်..။ လောင်းကစားသမားတွေကို အနိုင်ရမယ့်ဘက်ခန့်မှန်းပေးပြီးအကြံပေးတဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ဝယ်လ်သာအေဘရမ်စ်ဆိုတဲ့ နယူးယော့ခ်ကလောင်းကစားလုပ်ငန်းသူဌေးကြီးက ဘရန်ဒန့်ကိုသဘောကျပြီး သူ့ဆီအလုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အခါဘရန်ဒန်တစ်ယောက် ဂျွန်အန်တိုနီဆိုတဲ့နာမည်နဲ့လောင်းကစားအကြံပေးသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့…