ကျေးရွာလေးတစ်ရွာမှာကျောင်းဆရာအသစ်တစ်ယောက်ရောက်လာပါတယ်ကျောင်းကိုသူရောက်တဲ့အချိန် ပထမဆုံးသူတွေ့ရတဲ့မြင်ကွင်းကကျောင်းစောင့်တစ်ဦးကကလေးတွေကို ကိုးလေးလီသုံးဆယ့်ငါးလို့သင်နေတာကိုပါပဲ ကျောင်းစာသင်တဲ့နေရာနံဘေးမှာလဲရွာလူကြီးရဲ့နွားတွေကိုလာချည်ထားလို့အနံ့တွေအသံတွေနဲ့ဆူညံနေတာပါပဲရွာလူကြီးကိုနွားတွေမချည်ဖို့ပြောတဲ့အခါမှာလည်း ရွာလူကြီးကလှောင်လိုက်ပါသေးတယ်ဒါတင်မကနောက်ရက်ကျောင်းကိုလာတဲ့အခါကလေးတွေစားပွဲပေါ်ကိုလက်ဆောင်ပဏာအပြည့်လာတင်ထားတာတွေ့လို့မေးကြည့်တဲ့အခါမှာတော့အရင်ကျောင်းဆရာကကလေးတွေကိုလက်ဆောင်ယူလာခိုင်းတတ်တဲ့အကျင့်ရှိမှန်းလဲသိလိုက်ရပါတယ်အသစ်ခန့်ထားတဲ့ကျေးလက်ကျောင်းဆရာတစ်ယောက်ကသူ့ရဲ့ဆင်းရဲနွမ်းပါးလှတဲ့ကလေးတွေရဲ့ အလားအလာရှိတဲ့အနာဂတ်ကိုပံ့ပိုးဖို့ရာအရည်အသွေးပြည့်မှီတဲ့ပညာရေးကို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့သင်ကြားအကောင်အထည်ဖော်ဆောင်ရွက်သွားမလဲကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်