ယစ်ထုတ်ကြီးယောက်ျားနဲ့ရထားတဲ့ ဒါနမ်တစ်ယောက်ကတော့အားကိုးမရဘဲ ကိုယ်တိုင်ရုန်းကန်ရင်း မိသားစုကိုထောက်ပံ့နေရသူပေါ့။ဖြစ်ချင်တော့ သားလေးကလည်း နားမှာချို့ယွင်းချက်ဖြစ်နေတော့ခွဲစိတ်ဖို့ ငွေကလည်း လိုနေပြန်တာပေါ့။ဒါပေမဲ့ အဖေဖြစ်သူက အိမ်တွင်းရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စားတာဝန်မယူလေတော့ စားဝတ်နေရေးက ပိုပိုကြပ်တည်းလာတာပေါ့။ဒါပေမဲ့ ဒီလိုကြပ်တည်းနေတဲ့ကြားက ဒါနမ်တစ်ယောက် အမှိုက်ပုံထဲကနေခွေးပေါက်လေးတစ်ကောင်ကို သနားလို့ဆိုပြီး သားလေးလည်းအဖော်ရအောင်ကောက်ပြီးမွေးစားလိုက်ပါတော့တယ်။အဲဒီခွေးကလေးကတော့ ဒိုနီမာဆိုတဲ့ ဂိုးဒင်းရီထရီဗာအမလေးပါပဲ။သိပ်လိမ္မာတဲ့ ဒိုနီမာလေးက တစ်အိမ်လုံးရဲ့အချစ်တော်ဖြစ်ပြီးမိသားစုတစ်ပိုင်းဖြစ်လာချိန်ကျမှ ယစ်ထုတ်ကြီးအဖေကဒီခွေးလေးကို အကြွေးဆပ်ဖို့ရောင်းစားလိုက်တဲ့အခါ….