ထိုင်းဇာတ်ကားတွေထဲမှာ အခုခေတ်ရိုက် Bad Genious တို့လိုမျိုးဇာတ်လမ်းအလန်း ရိုက်ချက်အလန်းကြီးနဲ့ကားတွေရှိသလိုကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းကတော့ ရိုးပေမဲ့ကြည့်ရတာ ကြည်နူးပျော်ရွှင်ရတဲ့ Baiferm နဲ့ Mario တို့ရဲ့ a little thing called love တို့လိုဇာတ်ကားလေးတွေလည်းရှိပါတယ်ခုဇာတ်ကားလေးကလည်း မင်းလူရဲ့ရယ်မောခြင်းပေါင်းချုပ်ထဲကလိုမြောက်ပိုင်းတောင်ပိုင်းမတည့်ကြတဲ့ ရွာလေးရဲ့လူငယ်တွေကိုဘောလုံးအသင်းဖွဲ့စည်းပေးတဲ့အကြောင်းလေး ဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာ တစ်ခုကောင်းတာက ဘောလုံးဇာတ်ကားဆိုပြီးတောကအသင်းလည်း ဇွတ်ဖလားတွေရ လာသမျှအသင်းနိုင်တဲ့ဇာတ်လမ်းမဟုတ်ပါဘူးအဲ့လို မိုတီဇွတ်ပေးမယ့် ဇာတ်ကားလည်းမဟုတ်ပဲ လူငယ်သဘာဝအချင်းချင်းညစ်တာလေးတွေအချစ်ဇာတ်လမ်းတွေ ကိုယ်ကြွေမိတဲ့ သူငယ်ချင်း မမ ညီမလေး စသည်ဖြင့်ပေါ့ကြည့်ရတာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူးနဲ့ စိတ်ချမ်းသာဖို့လည်းကောင်းဘောလုံးအားကစားအခြေပြု sport drama ကားလေးတွေ သဘောကျတဲ့သူတွေအတွက်ကြည့်ရှုနိုင်ဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်