Beyond the Hills HD

Beyond the Hills

Drama Romance HD 2012-09-12 7.093 150 Min

ဒီ Beyond The Hills ဇာတ်ကားလေးကတော့ ဒါရိုက်တာ Cristian Mungiu က ရိုက်ကူးပေးထားတဲ့ ရိုမန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ IMDB rating 7.5/10 အပြင် RottonTomatoes မှာပါ rating 94% အထိ ပရိသတ်အားပေးမှုကို ရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုချီတာနဲ့ အလီနာဆိုတဲ့ မိဘမဲ့ကျောင်းသူလေးနှစ်ယောက် အကြောင်းကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗိုချီတာ နဲ့ အလီနာတို့က ငယ်ငယ်တုန်းက မိဘမဲ့ကျောင်းမှာ အတူနေခဲ့ကြပေမယ့် အရွယ်ရောက်တဲ့အခါမှာ သီးခြားလမ်းတွေကို လျှောက်လှမ်းခဲ့ကြပါတယ်။သူတို့နှစ်ဦးပြန်ဆုံတွေ့ ကြတဲ့အချိန်မှာ အလီနာစိတ်ဒဏ်ရာတစ်ခုပါလာခဲ့ပါတယ်။ စစပိုင်းမှာတော့ အလီနာရဲ့ စိတ်ရောဂါက မသိသာခဲ့ပေမယ့် ပြဿနာတွေဖိအားတွေနဲ့ ကြုံလာရတိုင်းပိုပိုပြီးဆိုးလာခဲ့ပါတယ်။ဒီဇာတ်လေးလမ်းကတော့ ခရစ်ယာန်ဘာသာတရားကို လက်တွေ့နဲ့အနီးစပ်ဆုံးဖြစ်အောင် အခြေခံရိုက်ကူးထားတဲ့အပြင် လူတစ်ယောက်ရဲ့ စိတ်အခြေအနေက ပတ်ဝန်းကျင်ကြောင့်ဘယ်လိုကြီးကြီးမားမားပြောင်းလဲသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ပြပေးထားတဲ့အတွက် သုတ၊ ရသ နှစ်မျိုးလုံးကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။