“စစ်ပွဲဆိုတာ တိုက်ရိုက်ပတ်သက်နေတာမဟုတ်ရင်တောင်အနည်းနဲ့အများတော့ သက်ရောက်မှုရှိတာပါပဲ။ဒါပေမဲ့ စစ်ကြီးတစ်ခုဖြစ်လာပြီးဆိုရင် ဒီအပြစ်ကဘယ်သူ့ကြောင့်မှမဟုတ်သလို ဘယ်သူမှလည်းသေနတ်ဆွဲတိုက်ခိုက်ရတာ ပျော်ရွှင်နေတာ မဟုတ်ဘူး”အခုတင်ဆက်ပေးချင်တာကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလတစ်ခုဗာမီလီယိုဆိုတဲ့ တောင်ပေါ်ရွာလေးတစ်ခုကိုအခြေတည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ဒုတိယကမ္ဘာစစ်တွင်းကာလဆိုတော့ သန်မြန်တဲ့ယောက်ျားတွေကစစ်ထွက် မိန်းမတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ နောက်မှာကျန်ခဲ့ပြီးဘဝကို ရှေ့ဆက်ရုန်းကန်ရတာပေါ့။ စစ်ပွဲက အဝေးတစ်နေရာမြို့ထဲမှာ ဖြစ်ပျက်နေတာဆိုပေမဲ့ စစ်ပွဲရိုက်ခတ်မှုဒဏ်ကိုတော့ဒီရွာလေးလည်း အလူးအလဲခံရတာပဲပေါ့။စားဝတ်နေရေးတောင် ရုန်းကန်နေရတာဖြစ်လို့ ပညာရေးဆိုတာရုန်းကန်နေရချိန်မှာ ရွာကျောင်းဆရာရဲ့ပညာသင်ရမယ်ဆိုတဲ့အတွေးနဲ့ရွာသားတွေကြားက ပညာသင်နေတာထက် စစ်ထဲဝင်တိုက်ဖို့ကိုသာအားသာနေတဲ့ကြား အတွေးအမြင်တွေလည်း ကွဲလွဲလို့ပေါ့။ဒီလို စစ်တွင်းကာလ ဝေးလံခေါင်ဖျားရွာငယ်လေးရဲ့ တိတ်ဆိတ်နေတဲ့နေ့စဉ်ဘဝထဲကို စစ်ပြေးတပ်သားတစ်ယောက် ရောက်လာချိန်မှာတော့…