Pallotty 90's Kids HD

Pallotty 90's Kids

Drama HD 2024-10-25 8.3 126 Min

၉၀ ဖွားကလေးတို့ရဲ့သကြားလုံးချိုချိုလေးဒီတစ်ခါတင်ဆက်ပေးမှာကတော့ လူကြီးမင်းတို့ရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကိုလွမ်းဆွေးတမ်းတသွားစေမယ့် မာလေယလမ်စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ဒီဇာတ်ကားမှာတော့ ကန်နန်ဆိုတဲ့ကလေးငယ်နဲ့ အူနီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တွဲအကြောင်းကိုဇာတ်ကြောင်းတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ တောရွာကလေးမှာ ကလေးပီပီအဆော့သန်တဲ့ကန်န်နဲ့အူနီဟာ ကျောင်းကို ခြေလျင်သွားရသူတွေဖြစ်ပါတယ်။ လမ်းတစ်လျှောက် စက်ဘီးနဲ့သွားတဲ့သူ ၊ဆိုင်ကယ်နဲ့လိုက်ပို့တဲ့သူ ၊ သုံးဘီးစီးပြီးကျောင်းသွားသူတွေရှိတာတောင် ခြေလျင်ကျောင်းတက်ရတဲ့သူတို့အပျော်ကိုမှီသူရှိမယ်မထင်ပါဘူး။အသီးတွေခူးမယ် ၊ အရွက်တွေခြွေမယ် ၊ အုန်းလက်ကို ဒန်းလိုခိုစီးကြမယ် ၊တုတ်တစ်ချောင်းကိုပုခုံးပေါ်ထမ်းလို့လမ်းလျှောက်ကာလမ်းမှာတွေ့သမျှကို ကောက်ယူစူးစမ်းမယ်။ဒီလိုမျိုး ၉၀ ခုနှစ်ဖွားကလေးတို့ရဲ့ဘဝကိုကြည့်ပြီးငယ်ဘဝကိုပြန်လည်တမ်းတလွမ်းဆွတ်မိစေမယ့်ဇာတ်ကားလေးကို၉၀ ဖွားလူကြီးမင်းတို့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။၉၀ ဖွားမဟုတ်ရင်ရော မကြည့်ရတော့ဘူးလားဆိုတော့….ပိုပြီးတောင် ကြည့်ရမှာပေါ့ဗျာ။ ကိုယ်မမီလိုက်ရတဲ့ခေတ်ကလူတွေဘယ်လောက်ဆော့ပြီး ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲဆိုတာကိုဒီရုပ်ရှင်ကတဆင့် စီးမျောခံစားကြည့်လိုက်ပါဗျ။