Made in China HD

Made in China

Drama HD 2014-10-25 5 100 Min

‘ချန်း’ ဟာ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ ငါးရှဉ့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ပါတယ်…တစ်ရက်မှာတော့ ကိုရီးယားနိုင်ငံဆီ တင်ပို့လိုက်တဲ့ သူ့မွေးမြူရေးခြံကငါးရှဉ့်တွေမှာပြဒါးဓာတ်ပါဝင်မှုကြောင့်ဈေးကွက်တင်ရောင်းချဖို့ အရည်အသွေးမမီဘူးဆိုပြီးတော့ ပယ်ချခံလိုက်ရပါတယ်…ဒါပေမဲ့ ပယ်ချခံရတဲ့ ငါးရှဉ့်တွေလည်း သူ့ဆီပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ပါတယ်ဒါကြောင့် ချန်းတစ်ယောက် သူ့ရဲ့ ငါးရှဉ့်တွေဟာ အရည်အသွေးမီကြောင်းပြမယ် ပြန်စစ်ဆေးပေးဖို့တောင်းဆိုမယ်ဆိုပြီးကိုရီးယားနိုင်ငံထဲကို ငါးရှဉ့် ၃ ကောင်ထည့်ထားတဲ့ သေတ္တာလေးတစ်လုံးနဲ့ခိုးဝင်လာခဲ့ပါတယ်…ကိုရီးယားစကားလည်း တစ်လုံးမှနားမလည် တရားမဝင် ဝင်ရောက်လာသူလည်းဖြစ်တဲ့ ‘ချန်း’ တစ်ယောက်…ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ။ သူလုပ်ချင်တဲ့အရာတွေကိုရောအောင်အောင်မြင်မြင်နဲ့လုပ်နိုင်ပါ့မလား…ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပါရှင်…