အချစ်ဆိုတာ နီးမှရှိတာလား.. ဝေးနေလည်း ခိုင်မြဲရဲ့လားဒါကတော့ လူတိုင်းသဘာဝကျကျလေး ကြုံတွေ့နိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့LDRS အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်အနေဝေးရင် သွေးအေးကြတယ်၊ ရန်တွေဖြစ်မယ်၊ အထင်တွေလွဲလာမယ်၊ သံသယတွေဝင်လာမယ်၊ မပွင့်လင်းနိုင်ကြတော့ဘူး..အဲလိုပါပဲ အဝေးရောက်ချစ်သူတွေရဲ့ ပြဿနာတွေရယ်၊ ၅ နှစ်ကြာတွဲခဲ့ကြပြီးမှ ဖြစ်လာတဲ့ပြဿနာတွေကို မဖြေရှင်းကြတော့ဘဲအနေဝေးသွားခဲ့တဲ့ အီဒိုဟာနဲ့ ဂင်ထယ်အင်တို့ချစ်သူနှစ်ယောက်ဟာ LDRS အချစ်ဇာတ်လမ်းကိုပြိုပျက်မသွားအောင် ရုန်းကန်ရပုံကို screen life ပုံစံနဲ့ တင်ပြထားတာပါLDRS ဖြစ်တဲ့အပြင် အလုပ်နဲ့အချစ်ရေးကြားမှာ ဗျာများရတဲ့အီဒိုဟာတစ်ယောက်တော့အထင်လွဲမှုတွေကို ပြန်ဖြေရှင်းနိုင်မလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အီဒိုဟာအဖြစ် ကိုယ်တွေရဲ့ Prince လေး Jang Dong Yoon,ဂင်ထယ်အင်အနေနဲ့ Ture Beauty ထဲ Park Yoo Na တို့ပါဝင်သရုပ်ဆောင်ထားပါတယ်