အသက်(၄၅)နှစ်အရွယ်ပရိုဂရမ်မာတစ်ယောက်ဟာ ကုမ္ပဏီမှာ(၁၀)နှစ်ကျော်လုပ်ခဲ့ပေမယ့်လူငယ်တွေလောက်မလုပ်နိုင်တော့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါအသက်အရွယ်နဲ့အတွေ့အကြုံအရ သတ်မှတ်လစာများတဲ့အတွက်ဘယ်ကုမ္ပဏီမှမခန့်ချင်ပဲ အလုပ်ရှာရခက်နေပါတယ်။သူဟာ မိသားစုအားလုံးကိုထောက်ပံ့နေရတဲ့သူဖြစ်တဲ့အတွက်ဖိအားတွေအများကြီးနဲ့ အကြပ်ရိုက်နေပါတယ်။ကြံရာမရဖြစ်နေတဲ့အချိန်မှာ Delivery ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးDeliအလုပ်ကိုလုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တမ်းလုပ်ကြည့်တဲ့အခါကျမှ Deliveryအလုပ်ဟာမလွယ်ကူမှန်းသိလိုက်ရတယ်။ဒါပေမယ့်လဲ မိသားစုအတွက် သမီးလေးရဲ့အနာဂတ်အတွက် ရှိတဲ့မာနတွေကိုချထားပြီးကြိုးစားပြီးလုပ်သွားတဲ့အကြောင်းကိုရိုက်ထားတဲ့ အလုပ်ကြိုးစားတဲ့သူတွေအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။