Stay Out of the Basement HD

Stay Out of the Basement

Horror HD 2023-04-28 4 72 Min

“မြေအောက်ခန်းနဲ့ ဝေးဝေးနေ”ဆိုတဲ့ စကားကိုနားထောင်ဘဲ လျှာရှည်မိရင်တော့ ခြောက်ခံရမှာပဲ မက်ကန်ဇီဆိုတဲ့ ၁၄နှစ်အရွယ်ကောင်မလေးက သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီးသရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ပြောင်းခင်းထဲကို တစ်ယောက်တည်းသွားကြည့်ခဲ့ရာကနေ သူ့နောက်ကို တစ်ယောက်ယောက်လိုက်လာတယ်လို့ ခံစားလာရပါတော့တယ်။အဲဒီနောက်မှာတော့သားအမိနှစ်ယောက်နေတဲ့အိမ်မှာ ကလေးထိန်းသွားလုပ်ဖို့ အကြောင်းဖန်လာရင်းကနေ အဲဒီ အိမ်က ပုံမှန်မဟုတ်ဘူးဆို သိလာရပါတော့တယ်။ အိမ်ရှင်မိန်းမကြီးကမြေအောက်ခန်းထဲမသွားဖို့ပြောထားတဲ့ကြားက စပ်စုလိုက်မိတဲ့အခါ … အဲဒီအိမ်မှာလည်း သဘာ၀လွန်ဖြစ်ရပ်တွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့… ပြောင်းခင်းထဲမှာတွေ့ခဲ့တဲ့အရာကြီးနဲ့ဒီအိမ်နဲ့က‌ ဘယ်လိုဆက်စပ်နေတာလဲ? အိမ်ရှင်သားအမိကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဝူးဝါးရှူးရှား jumpscareကြီးတွေနဲ့အတင်းဖြဲခြောက်တာမဟုတ်တာကြောင့် ညဘက်နားကြပ်လေးတပ် background musicကို သေချာလိုက်ခံစားပြီး တစိမ့်စိမ့်ကြောက်ရမဲ့ကားမျိုးပါ။