1950 အစောပိုင်းမှာ မိဘမဲ့ကောင်မလေးတစ်ယောက် Cecilia ဟာမိဘမဲ့အဆောင်မှူးကြည့်ကြပ်ကွဲကဲသူရဲ့ စော်ကားမှုကိုခံရပြီး ကိုယ်ဝန်ရှိသွားပါတော့တယ်။ ထိုအဖြစ်အပျက်ကိုလျှိုထားဖို့အတွက် Auroraအိမ်တော်ကြီးမှာ အိမ်တော်ထိန်းတစ်ယောက်နဲ့အထီးကျန်စွာနေနေတဲ့Ida ဆိုတဲ့ အမျိုးသမီးဆီမှာသွားနေဖို့ စီစဥ်ပေးလိုက်ပါတော့တယ်။သဘောတူညီချက်အရ ကလေးမွေးဖွားပြီးလျှင် ကလေးကိုIdaကမွေးစားမှာဖြစ်ပြီး Cecilia ကိုတော့ မိဘမဲ့ကျောင်းကိုပြန်ပို့ရမှာဖြစ်ပါတယ်။သို့သော်လည်း အတူနေကြရင်းသံယောဇဥ်တွေရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။တကယ်ပဲ Cecilia ကိုမိဘမဲ့ကျောင်းပြန်ပို့မှာလား။ရှုပ်ထွေးထဲစိတ်ခံစားချက်တွေနဲ့ ပြည့်နက်နေတဲ့ Auroraအိမ်တော်ကြီးမှာဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့တာလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီကားလေးဟာ Rating 7/10ရ ရှိထားပြီး Torino Film Festival မှာThe best performanceaward ဆုကိုရ ရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပြီး ပြင်းထန်တဲ့ခံစားချက်တွေ ဆက်ဆံရေးတွေနဲ့ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုတွေက သင့်ကိုအဆုံးထိ ဆွဲဆောင်သွားမှာဖြစ်ပါတယ်။