အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နာမည်ကြီး ကနေဒါရုပ်ရှင်ရိုက်ကူးသူကြီး လန်နက်ဖိုက်ဖ်ရဲ့နောက်ဆုံးခရီးစဉ်ကို ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်နဲ့နောက်ဆုံးခရီးဆိုတဲ့အတိုင်း ရုပ်ရှင်ဆန်ဆန်ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ကနေဒါမှာတော့ လန်နက်ဖိုက်ဖ်ကို လူတော်တော်များများသိကြပြီးခေတ်သစ်ရုပ်ရှင်ရိုက်ကူးသူတွေအတွက် စံထားရသူတစ်ယောက်လည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ကိုဂုဏ်ပြုသောအားဖြင့် Oh Canadaဆိုတဲ့ဇာတ်ကားလေးကိုရိုက်ကူးခဲ့ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်အနုပညာနဲ့ရသကိုနှစ်သက်တန်ဖိုးထားသူတွေအတွက်ကြည့်ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်ဆိုတာတော့ငြင်းလို့မရပါဘူး။လန်နက်ဖိုက်ဖ်ကကင်ဆာကြောင့်သူ့ဘ၀ရဲ့နောက်ဆုံးနေဝင်ချိန်နီးကပ်လာတဲ့အခါမှာ တစ်ချိန်တုန်းကသူ့ကျောင်းသားဟောင်းတစ်ယောက်ကသူ့ကိုအင်တာဗျူးလုပ်ချင်တယ်ဆိုတာကိုလက်ခံခဲ့ပါတယ်။နာမည်ခံတာကတော့အင်တာဗျူးဆိုပေမဲ့ တကယ်တမ်းမှာသူငယ်စဉ်ဘ၀အသက် ၂၀ ကျော်ကတည်းက အခုအထိ ဖုံးကွယ်လိမ်ညာထားသမျှအမှန်တရားတွေအားလုံးကို သူ့ဇနီးဖြစ်သူအမ်မာရဲ့ရှေ့မှာဝန်ခံချင်တာဖြစ်ပါတယ်ဒီလိုနဲ့အင်တာဗျူးစတင်ခဲ့ပြီး သူငယ်စဉ်ဘ၀က အသက် ၂၀ ကျော်နဲ့အိမ်ထောင်ကျ ကလေးအဖေဖြစ်ခဲ့တဲ့အပြင် အိမ်ထောင်ပါကွဲပြီးနောက်မိသားစုထူထောင်ခဲ့ပုံတွေဗီယက်နမ်မှာစစ်မှုထမ်းရမှာကိုရှောင်ချင်လို့ ကနေဒါကိုပြေးရှောင်ခဲ့ပုံတွေ သူ့ရဲ့ရုပ်ရှင်ရိုက်ကူးတဲ့အလုပ်ဘယ်လိုစတင်ဖြစ်ခဲ့ပုံတွေအပြင် သူ့မိန်းမအမ်မာကိုယ်တိုင်ပါအံ့ဩရတဲ့တခြားသောစိတ်ဝင်စားစရာတွေအများကြီးကို အနုပညာဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။