Good Bad Things HD

Good Bad Things

Drama HD 2024-01-19 6 96 Min

အချစ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းနဲ့ထိုက်တန်ပါတယ်။Gender မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေလူသားအားလုံးရရှိနိုင်တဲ့ ရရှိသင့်တဲ့အရာတစ်ခုကိုပြောပါဆိုရင်တော့အချစ်ပဲဖြစ်ပါတယ်။အချစ်နဲ့ပတ်သတ်လာရင် မျက်ကန်းတောတိုးသလိုဖြစ်တတ်တဲ့လူတွေရှိသလို တစ်ဖက်သတ်တစ်ယူသန်ကြတဲ့လူတွေလည်း အမျိုးမျိုးအဖုံဖုံရှိကြပါတယ်။တစ်ခုမှတ်ထားရမှာကတော့လူသားတိုင်းက အမှားနဲ့မကင်းသလိုအချစ်နဲ့ပတ်သတ်လာရင်လည်း မပြည့်စုံကြတဲ့အတွက် ဆိုးကောင်းတဲ့အရာလေးတွေလည်းရှိတာကိုလက်ခံနိုင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါကိုလှလှပပပုံဖော်ဖန်တီးထားတဲ့Good Bad Things ဆိုတဲ့IMDb Rating 5.8 ရရှိထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့အပြင်လောကမှာရောဇာတ်ကားထဲမှာပါဒန်နီဆိုတဲ့ဇာတ်ကောင်ဖြစ်ပြီး သူကတော့ မွေးရာပါမသန်မစွမ်းဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ သူ့ကိုအရမ်းချစ်တဲ့အဖေနဲ့အချိန်ပြည့်ဘေးနားမှာစောင့်ရှောက်ပေးနေတဲ့သူငယ်ချင်းရှိနေတဲ့အတွက် သူ့ဘ၀လေးကတော့သာယာစိုပြည်နေခဲ့ပါတယ်။ဒါပေမယ့်လူသားတစ်ယောက်ဖြစ်တဲ့နည်းတူအချစ်ဆိုတဲ့အရာကလည်းမရှိမဖြစ်လိုအပ်တဲ့အတွက် သူ့အလုပ်နဲ့သက်ဆိုင်တဲ့ ရူဘီဆိုတဲ့ Tinder လိုချိန်းတွေ့ App တစ်ခုကိုသုံးမိရင်းနဲ့မှ ကောင်မလေးတစ်ယောက်နဲ့ဇာတ်လမ်းစခဲ့ပြီးတစ်သက်လုံးအချစ်စစ်ကိုမခံစားခဲ့ဖူးတဲ့သူ့အတွက် အချစ်ဆိုတဲ့အရာက လှပလွန်းတယ်ဆိုတာကို ဖော်ကျူးရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။