How to Make Gravy HD

How to Make Gravy

Drama HD 2024-11-21 7.2 117 Min

ဒီကားလေးကတော့ Australian အဆိုတော်ကြီး Paul Kelly ရဲ့ How to Make Gravy ဆိုတဲ့သီချင်းလေးကို မှီမြန်းပြီး ရိုက်ထားတဲ့ မိသားစုခရစ်စမတ်ကားလေးပဲ ဖြစ်ပါတယ်။အဖွားမရှိတော့တဲ့ပထမဆုံးခရစ်စမတ်ရဲ့နှစ်မှာပဲ အန်းဂတ်လို့ခေါ်တဲ့ ကောင်လေးရဲ့ မိသားစုဆွေးမျိုး တွေအားလုံး သိုက်သိုက်ဝန်းဝန်း အိမ်ကို ရောက်လာကြတဲ့အခါအရာအားလုံးအဆင်ပြေနေခဲ့ပေမဲ့ အန်းဂတ်ရဲ့အဖေဂျိုးကတော့ မိခင်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်နေခဲ့ပါတယ်။ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပြဿနာလေးကြောင့် ဂျိုးနဲ့သူ့ယောက်ဖ ရော်ဂျာ ရန်ဖြစ်ကြတဲ့အခါ ဂျိုး တစ်ယောက် ထောင်ကျသွားခဲ့ပါတယ်ထောင်ထဲမှာ ခက်ခဲကြမ်းတမ်းလှတာကြောင့် ညီဖြစ်သူဒန်က ဂျိုးမိသားစုကို စောင့်ရှောက်နေခဲ့ရပါတယ်။ထို့နောက် ဒန်ကို မိသားစုအား ဂရုစိုက်ဖို့ပြောရင်း ဂျိုးအတွက်ထောင်ထဲမှာနေရတာရောအဆင်ပြေရဲ့လား အပြင်မှာရော ဒန်နဲ့မိသားစုက ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာမိသားစုပြဿနာတွေကြား ခရစ်စမတ်အငွေ့အသက်လေးတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။