Invisible Guard HD

Invisible Guard

Drama HD 2022-07-27 8.3 70 Min

ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။တရားရေးဌာနအတွက်အမှုထမ်းရပေမယ့်အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာအမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီးဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီးပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။