Planet Earth: A Celebration FHD

Planet Earth: A Celebration

Documentary FHD 2020-08-31 8 58 Min

ဒီ Documentryလေးကတော့ BBCကတင်ဆက်တဲ့ Planet Earth IIနဲ့Blue Planet II အစီအစဥ်တွေကိုမှ အထူးအစီအစဥ်အနေနဲ့ ပြန်ပေါင်းစည်းပေးထားတာပါ။နောက်ခံဂီတကိုလည်း သီးသန့်ထည့်သွင်းထားပြီး Covidကာလအတွင်း သဘာဝတရားကို ခံစားသိနိင်အောင် တင်ဆက်ထားတာပါ။ ကြမ်းတမ်းလွန်းတဲ့ သဘာဝတရားကြီးကိုတောင် အံ့တုနေကြတဲ့သတ္တဝါမျိုးစုံရှိပြီး အားတက်ဖွယ်ခံစားနိုင်အောင်ပါတဲ့။Documentryထဲမှာဆိုရင် ရေဘဝဲ၊ လင်းပိုင်၊ ခြင်္သေ့၊ ကြိုးကြာနီ၊ နှင်းကျားသစ်၊ အီဂွာနာဖွတ်နဂါး၊ Racer မြွေ၊ ပင်လယ်ပျံလွှား၊ ထရီဗယ်လီငါး၊ဟယ်ရင်းငါးသလောက်၊ အော်ကာနဲ့ Humpbackဝေလငါးစတာတွေကို အကျအနရိုက်ကူးပြထားပါတယ်။တောရိုင်းသတ္တဝါတွေရဲ့ ရှင်သန်မှုတွေ၊ အမူအကျင့်၊ အမဲလိုက်ပုံတွေ၊ ဉာဏ်ရည်တွေကိုတွေကို အနီးကပ်ကြည့်ရှုရမှာပါ။ ထူးခြားတာက Documentryဆိုတိုင်းပျင်းစရာမဟုတ်ပြန်ဘူးဗျ။အီဂွာနာဖွတ်ပေါက်လေးနဲ့ မြွေတို့ကြား၊ ပင်လယ်ပျံလွှားနဲ့ ထရီဗယ်လီငါးတို့ကြားက အမဲလိုက်သူနဲ့ ရှင်ကျန်အောင်ကြိုးပမ်းသူတို့တိုက်ပွဲဟာဆိုရင်ကြမ်းပါပေ့ဆိုတဲ့ actionကားတွေတောင်မေ့သွားအောင် ကြည့်ကောင်းလွန်းပါတယ်။မွန်းကြပ်ကာလကို ကျော်ဖြတ်နိုင်အောင်အားပေးတဲ့အနေနဲ့ တောရိုင်းသဘာဝတရားကို ရိုက်ကူးပြထားတာမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ Docu လေးပါပဲ။