The Love of Han River HD

The Love of Han River

Drama HD 2025-02-01 8.3 0 Min

ဒီတစ်ခါ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။မြစ်ရေအသွင်သွင်စီးဆင်းနေတဲ့ဟန့်မြစ်ဘေးမှာ စစ်ပွဲကြောင့်ထွက်သွားပြီးဘယ်တော့မှပြန်မလာတော့တဲ့အဖေကို လွမ်းဆွေးနေတဲ့ဟယ်မောက်ချွမ်းဆိုတဲ့ကောင်လေး။သူကတော့ စာပေပညာမှာထူးချွန်ပြီးတော့စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။သို့ပေမဲ့လည်းမဖွံ့ဖြိုးတဲ့ကျေးလက်ဒေသကသူမို့လို့တက္ကသိုလ်ပညာသင်ကြားရေးအထိမရရှိခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ ရွာအဖွဲ့အစည်းရဲ့စာရင်းကိုင် စာရေးသမား အမေကိုပြုစုပေးနေတဲ့သားလိမ္မာ ဟယ်မောက်ချွမ်းအပြင်အမေ့ရဲ့နောက်အိမ်ထောင်ယောကျ်ားကနေပါလာတဲ့သမီးလေးချင်းချင်းဆိုတဲ့မိန်းကလေးကလည်းအစ်ကိုဖြစ်သူမောက်ချွမ်းနဲ့အတူ ပညာအရာမှာထူးချွန်ထက်မြတ်လှတယ်။နှစ်ယောက်လုံးရဲ့အိပ်မက်က မြို့ကြီးပြကြီးမှာပညာသွားသင်ချင်တာကြောင့်အစ်ကိုဖြစ်သူမောက်ချွမ်းက ညီမလေးချင်းချင်းအတွက်အနစ်နာခံပြီးရွာမှာရှာဖွေစားသောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်သားကအဖေမတူအမေမတူပေမဲ့ ခံစားချက်အရမ်းနီးကပ်ကြတာကြောင့်လူတိုင်းအားကျရတဲ့ မောင်နှမမျိုးဖြစ်နေခဲ့တာပေါ့။တနေ့မှာတော့ မောက်ချွမ်းကိုတဖက်သတ်ကြိုက်နေတဲ့ လျိုရိူ့ကျူးကလက်ထပ်ခွင့်တောင်းရမ်းခဲ့တဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးကျေးလက်တောရွာမိသားစုပုံစံလေးကိုဖော်ကျူးထားတာကြောင့်မို့လို့ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် ~ဒီတစ်ခါ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။မြစ်ရေအသွင်သွင်စီးဆင်းနေတဲ့ဟန့်မြစ်ဘေးမှာ စစ်ပွဲကြောင့်ထွက်သွားပြီးဘယ်တော့မှပြန်မလာတော့တဲ့အဖေကို လွမ်းဆွေးနေတဲ့ဟယ်မောက်ချွမ်းဆိုတဲ့ကောင်လေး။သူကတော့ စာပေပညာမှာထူးချွန်ပြီးတော့စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။သို့ပေမဲ့လည်းမဖွံ့ဖြိုးတဲ့ကျေးလက်ဒေသကသူမို့လို့တက္ကသိုလ်ပညာသင်ကြားရေးအထိမရရှိခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ ရွာအဖွဲ့အစည်းရဲ့စာရင်းကိုင် စာရေးသမား အမေကိုပြုစုပေးနေတဲ့သားလိမ္မာ ဟယ်မောက်ချွမ်းအပြင်အမေ့ရဲ့နောက်အိမ်ထောင်ယောကျ်ားကနေပါလာတဲ့သမီးလေးချင်းချင်းဆိုတဲ့မိန်းကလေးကလည်းအစ်ကိုဖြစ်သူမောက်ချွမ်းနဲ့အတူ ပညာအရာမှာထူးချွန်ထက်မြတ်လှတယ်။နှစ်ယောက်လုံးရဲ့အိပ်မက်က မြို့ကြီးပြကြီးမှာပညာသွားသင်ချင်တာကြောင့်အစ်ကိုဖြစ်သူမောက်ချွမ်းက ညီမလေးချင်းချင်းအတွက်အနစ်နာခံပြီးရွာမှာရှာဖွေစားသောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်သားကအဖေမတူအမေမတူပေမဲ့ ခံစားချက်အရမ်းနီးကပ်ကြတာကြောင့်လူတိုင်းအားကျရတဲ့ မောင်နှမမျိုးဖြစ်နေခဲ့တာပေါ့။တနေ့မှာတော့ မောက်ချွမ်းကိုတဖက်သတ်ကြိုက်နေတဲ့ လျိုရိူ့ကျူးကလက်ထပ်ခွင့်တောင်းရမ်းခဲ့တဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးကျေးလက်တောရွာမိသားစုပုံစံလေးကိုဖော်ကျူးထားတာကြောင့်မို့လို့ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် ~