Krisha HD

Krisha

Drama HD 2016-03-18 6.769 81 Min

ဇာတ်လမ်းအကျဉ်းကတော့ အရက်၊ မူးယစ်ဆေးစွဲနေတဲ့ ခရစ်ရှာတစ်ယောက် အိမ်ကနေထွက်သွားခဲ့တာအတော်ကြာပါပြီအသက်၆၀ကျော်ခါမှ အရက်ပြတ်သွားပြီဆိုပြီး အိမ်သားတွေနဲ့ပြန်အဆင်ပြေချင်လို့ကျေးဇူးတော်နေ့မှာ အိမ်သားတွေကို သူ့လက်ရာ ဟင်းချက်ကျွေးမယ်ဆိုပြီး ပြန်လာခဲ့ပါတယ်အဲဒီမှာ သူနှစ်တွေအကြာကြီးပစ်ထားခဲ့တဲ့မိသားစုနဲ့ အခုမှပြန်အဆင်ပြေချင်နေတဲ့ သူမရဲ့ကြားကပရိပက္ခတွေကိုမွန်းကြပ်စရာ သက်ပြင်းတွေအကြိမ်ကြိမ်ချမိတဲ့အထိ ရှုစားရမှာပါဒီကားရဲ့ထူးခြားချက်က ဒါရိုက်တာTrey Ewards Shultsက အပြင်ဘဝကအရက်စွဲနေတဲ့ သူ့ရဲ့ဆွေမျိုးတစ်ယောက်ရဲ့အကြောင်းကို အခြေတည်ပြီးရိုက်ကူးထားတာပါmain character ဖြစ်တဲ့ Krisha(KrishaFairchild)ဟာလာ်း ဒါရိုက်တာTrey Ewards Shultsရဲ့ အဒေါ်အရင်းဖြစ်သလိုပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ရဲ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေချည်းပါပဲအဲ့ဒါကြောင့်လည်းရုပ်ရှင်ကြည့်နေရတယ်ဆိုတာတောင်မေ့သွားပြီ အပြင်မှာဖြစ်ပျက်နေတာကို ထိုင်ကြည့်နေရသလိုခံစားရမှာပါရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ