The Black Demon HD

The Black Demon

Horror Thriller HD 2023-04-26 6.362 100 Min

ဒီတစ်ခါမှာတော့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ Black Demonဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။‌ပေါလ်နဲ့အင်နက်စ်တို့ မိသားစုဟာ မက္ကဆီကိုမှာရှိတဲ့ဘာဟာဆိုတဲ့ကျွန်းလေးကိုကလေးတွေနဲ့အတူ အပျော်ခရီးထွက်လာကြပါတယ်။ဒါပေမဲ့ကျွန်းကိုရောက်တဲ့အခါမှာတော့ ကျွန်းဟာအရင်ကသူတို့ရောက်ခဲ့ဖူးတဲ့နေရာနဲ့ မတူတော့ပဲ ခြောက်ကပ်လို့နေခဲ့ပါတယ်။အဲ့အချိန်မှာတခြားတစ်နေရာကိုပဲ သွားတော့မယ်ဆိုပြီးပြန်ဖို့လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ပေါလ်အလုပ်လုပ်တဲ့နစ်ဇွန်အွိုင်းကုမ္ပဏီက ပေါလ်ကိုအဲ့ဒီကအယ်ဒီရာမန်တီ(ရေနံသင်္ဘော)ကိုသွားရောက်စစ်ဆေးခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ပေါလ်ဟာဒီကျွန်းမှာ ဘာတွေဖြစ်နေမှန်းမသိပဲသွားရောက်စစ်ဆေးခဲ့ပါတယ်။သင်္ဘောပေါ်ရောက်မှ ပေါလ်ဟာပြန်လမ်းမဲ့နေပြီဆိုတာကိုသိခဲ့ရပါတယ်။အကြောင်းအမျိုးမျိုးကြောင့် တစ်မိသားစုလုံးသင်္ဘောပေါ်မှာပိတ်မိနေခဲ့ပါတယ်။အဲ့အချိန်မှာပေါလ်တို့မိသားစုဘာတွေဆက်လုပ်ကြမလဲ။ကျွန်းတစ်ခုလုံး ဆိတ်သုဉ်းသွားရတဲ့အကြောင်းရင်းကရောဘာလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ရင်နင့်ဖွယ်ကြည့်ရှုရမှာပါ။