နာဆစ်ဟာ ဇနီးဖြစ်သူဆုံးသွားတဲ့နောက် ကျန်ခဲ့တဲ့သားလေးကို မွေးစားမဲ့သူရှာနေခဲ့တယ် သူဟာဒီကလေးနဲ့လဲ တစ်အိမ်ထဲမအိပ်ပဲ အပြင်ဆောင်မှာ ညအိပ်တိုင်းကိုယ့်ကိုယ်ကိုခြေကျင်းခတ်ပြီးအိပ်လေ့ရှိတယ်။သူဟာတစ်ခုခုကိုစိုးရိမ်နေပြီး ဒီကလေးကိုအစစအရာရာ ကိုယ်တိုင်လုပ်တတ်အောင် သင်ပေးနေတယ်။ဒီကလေးကိုသူဘာလို့ပေးပစ်ချင်နေတာလဲရှေ့ဆက်ရောဘာတွေဖြစ်လာမလဲ?သူ့မိန်းမကရော ဘာကြောင့်ဆုံးသွားတာလဲ? ဆိုတာ ဆက်လက်ခံစားကြည့်ကြပါနော်။ဖခင်တစ်ယောက်ရဲ့ရင်ထဲကမေတ္တာတွေ သားအတွက်စိုးရိမ်ကြောင့်ကြမှုတွေကိုစကားလုံးတွေများများစားစားမသုံးဘဲ ရိုးရိုးလေးဖော်ပြထားပြီး ခံစားကြည့်ရင်ကြည့်သလောက် လေးနက်မှုရှိတဲ့ ဇာတ်ကားကောင်းလေးပါ။