Sahara HD

Sahara

Action Comedy Drama Adventure Mystery HD 2005-04-06 5.862 124 Min

ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ…မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့….၁၈၆၅ ခုနှစ်ဝန်းကျင်အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီးအရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာမုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်….မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာနိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့်အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး….လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီးအဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ဒီရောဂါပိုးက မာလီနိုင်ငံကတဆင့် နိုက်ဂျားမြစ်တွင်းမှာ စီးမျောလာတာကို သိသွားကြသလိုမာလီမှာကလဲ ဒေသခံတွေကြား ပြည်တွင်းစစ်တွေဖြစ်နေပြီး တည်ငြိမ်မှုမရှိပါဘူး။ဒီတော့ကာ ဒဏ္ဍာရီထဲက ရွှေအပြည့်တင်ထားတဲ့ သံချပ်ကာ သင်္ဘောကို ရှာတဲ့ NUMA ကုမ္ပဏီက လူတွေရယ် ၊ပလိပ်ရောဂါပိုးကြောင့် ဇစ်မြစ်ကို ရှာတဲ့ WHO က ဆရာဝန်တွေရယ် ၊မာလီနိုင်ငံက ဒေသခံလူမျိုးစုတွေကြားက ပြည်တွင်းစစ်ပွဲတွေရယ် တစ်နေရာထဲမှာဆုံကြတဲ့အခါမှာတော့……….။ဇာတ်လမ်းဇာတ်ကွက်ကတော့ တကယ့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မထင်ထားသလို နှစ်ပင်သုံးပင် လိမ်တွေမို့အက်ရှင်စွန်းစားခန်းကြိုက်တဲ့ ပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။