၂၀၂၃ ရဲ့ အကောင်းဆုံးစပိန်ရုပ်ရှင်ကား ထိပ်တန်း(၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်တဲ့ “El.amor.de.Andrea.” ဆိုတဲ့ ဇာတ်ကားလေးက ၂၀၂၃ ခုနှစ် အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးဇာတ်ညွှန်းဆု စတဲ့ဆုပေါင်းများစွာကို သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။၁၅ နှစ်အရွယ် အန်ဒရီယာဆိုတဲ့ ကောင်မလေးက မိသားစုမှာအကြီးဆုံးသမီးတစ်ယောက်ဖြစ်ပါတယ်။အဖေနဲ့အမေကွာရှင်းပြီးတဲ့နောက် သူတို့အဖေက သူနဲ့ သူ့မောင်လေးနှစ်ယောက်ကို လုံးဝလာမတွေ့တဲ့အချိန်မှာ ဖခင်မေတ္တာကို ငတ်မွတ်နေတဲ့ အန်ဒရီယာလေးဟာသူမအဖေ သူတို့ကို ပြန်ချစ်လာစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအားထုတ်ခဲ့ပုံလေးကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒီကားလေးထဲမှာ အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ ပဋိပက္ခတွေ၊အမေတစ်ယောက်တည်းရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ သားသမီးနဲ့မိဘကြားလွဲမှားနေတဲ့ အယူအဆလေးတွေ၊ ဖခင်မေတ္တာငတ်မွတ်နေပေမဲ့ မောင်လေးတွေအပေါ်ကို အကြီးဆုံးသမီးတစ်ယောက်ပီပီအစ်မကြီးအမိရာ မေတ္တာတရားကြီးမားပုံတွေကို ခံစားမိအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။