ငယ်ဘဝခက်ခဲမှုတွေ ရုန်းကန်ရမှုတွေက ကိုယ့်ဘဝကိုပုံဖော်ရာမှာဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုရှိမယ်လို့ယူဆနိုင်လောက်လဲဒီဇာတ်ကားမှာဆိုရင် အထိရောက်ဆုံးနဲ့က်ရှိုင်းစွာခံစားမိစေမှာကဇာတ်ဆောင်မင်းသမီး Aberdeen ရဲ့မျက်နှာသွင်ပြင်ခံစားမှုသရုပ်ဆောင်ချက်တွေက ဇာတ်လမ်းအရှိန်အတက်အကျအတိုင်းခံစားသက်ဝင်မှုကိုပေးစွမ်းနိုင်သူပါသူဟာအလိုမကျမှုတွေ ဘဝရဲ့ခါးသီးမှုလိုအပ်ချက်တွေကိုပေါက်ကွဲတဲ့ဘက်နဲ့ ပြန်ဖြေလျှော့ရင်း ဘဝကြီးကိုနေချင်သလိုနေချလိုက်တာဆေးသမားလုံးလုံးဖြစ် လျှောက်သွားပြီး ဖြစ်သလိုနေတဲ့ဘဝတစ်ခုထိရောက်သွားတော့တယ်သူ့မိသားစု သူ့သမီး သူ့မြေး သူ့မောင် ဒါတွေဟာလဲ ဝေးကွာရင်းဝေးကွာလာလိုက်တာတစ်ရက်ကျ အစိတ်စိတ်ကွဲနေတဲ့သူ့မိသားစုလေးကိုပြန်လည်ဆုံစည်းဖို့ မလုပ်တတ်လုပ်တတ်နဲ့ပိုဆိုးမယ့်ဆီလုပ်ချပစ် စိတ်ဓာတ်တွေကျရင်းနဲ့ လောကဓံကိုကောင်းကောင်းရင်ဆိုင်ခုခံရင်းသူ့ဘဝကြီးပြောင်းလဲဖို့အမြင်မှန်ရလာပုံကို အခက်အခဲနဲ့ဟိုးအောက်ဆုံးရောက်ချိန် အနားမှာရှိပေးစောင့်ရှောက်ပေးတဲ့သူတွေရဲ့နွေးထွေးမှုတွေနဲ့ဆက်ပြီးရှင်သန်သွားပုံကိုကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်