Dead Poets Society FHD

Dead Poets Society

Drama FHD 1989-06-02 8.3 128 Min

အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော်ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင်ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ)ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာအပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသောဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲအနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။ဒီဇာတ်လမ်းမှာ တွေးခေါ်တတ်ဖို့ လွတ်လပ်စွာရှင်သန်တတ်ဖို့ ကဗျာသင်ပေးတဲ့ ဆရာတစ်ယောက်….ခံစားချက်တွေနဲ့ ပြည့်နှက်ဖွဲ့စည်းနေတဲ့လူ့အဖွဲ့အစည်းကြီးမှာ ကဗျာတွေရဲ့ အရေးပါမှုအကြောင်းကိုသင်ပြပေးသွားခဲ့တဲ့ လူတစ်ယောက် ပါပါတယ်။ကဗျာသင်ရိုးမှာပါတဲ့ ကဗျာတစ်ပုဒ်ကိုတိုင်းတာပြထားတဲ့ စံညွှန်းတွေကို အကုန်ဆွဲဖြဲပြီးကဗျာရဲ့ တန်ဖိုးအစစ်အမှန်ကို မိဘတွေရဲ့ဆန္ဒအောက်ပိတ်မိနေတဲ့ တပြည့်တွေကို မီးမောင်းထိုးပြခဲ့တဲ့အဲ့ဒီဆရာနာမည်က ဂျွန် ကိတင်း…ပါတဲ့။ ခင်ဗျားတို့ရော ဘဝတစ်ခု ကဗျာတစ်ပုဒ်ကိုဘယ်လိုများတိုင်းတာကြလဲ။အသုံးဝင်မှုတန်ဖိုးနဲ့လား အရည်အသွေးတန်ဖိုးနဲ့လား…ဘာနဲ့မှ မတိုင်းတာပါနဲ့ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ကဗျာကိုရေးထားတဲ့စည်းမျဉ်းစည်းကမ်းလည်းမဟုတ်သလိုသူ့ရဲ့ ကျန်တဲ့ စံညွှန်းတွေလည်း မဟုတ်ပါဘူး။ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးဟာ နှလုံးသားကခံစားရတဲ့ခံစားချက်ပါပဲ။ ဒီလိုပါပဲ ဘဝတစ်ခုရဲ့တန်ဖိုးဟာကျွန်တော်တို့ရဲ့ တော်နေတတ်နေမှု အသုံးဝင်မှုတွေကျွန်တော်တို့ ဘာကောင်ကြီးဆိုတာတွေ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ လွတ်လပ်မှုတွေ ဆန္ဒတွေကျွန်တော်တို့ချစ်တဲ့ ကျွန်တော်တို့ကို ချစ်တဲ့လူတွေပါပဲ။ဘာကောင်ကြီးဆိုတာအောက် ပိတ်မိမသွားကြဖို့ကျွန်တော့်ကိုယ်ကျွန်တော်တို့ ရှာဖွေကြဖို့ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကိုသိဖို့တွေးခေါ်တတ်ဖို့ ဘဝရဲ့တန်ဖိုးကို သိဖို့….ကျွန်တော်တို့ ပညာတွေသင်နေ အသိညဏ်တွေရှာနေကြရတာပါပဲ။ ဒီရုပ်ရှင်ဟာ ခင်ဗျားတို့တည်ဆောက်ရမဲ့ကိုယ်ပိုင်အတွေးအခေါ်တွေအတွက်အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေလိမ့်မယ် ထင်ပါတယ်။အက္ခရာတင် ရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုအမြဲလိုက်နာနေဖို့ မလိုသလို ပိုကျယ်ပြန့်နက်နဲတဲ့မရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တစ်ရံတစ်ခါလိုက်နာတတ်ဖို့်လည်း လိုပါတယ်။ဘယ်ဟာကို လိုက်နာရမလဲဆိုတာကိုတော့ကျွန်တော်တို့်ရဲ့ လူသားဆန်မှုက ဆုံးဖြတ်ပေးပါလိမ့်မယ်။ဒီဇာတ်လမ်းမှာလည်း ရေးထိုးထားတဲ့ဆရာတွေကိုညာမပြောရဆိုတဲ့ စည်းမျဉ်းကို လိုက်နာပြီး..မရေးထားတဲ့ ပိုကျယ်ပြန့်နက်နဲတဲ့ “မိတ်ဆွေတွေကိုသစ္စာမဖောက်ရ ” ဆိုတဲ့စည်းမျဉ်းကို ဖောက်ဖျက်မိတဲ့ကျောင်းသားလေးတစ်ယောက် ပါပါသေးတယ်။ဒီရုပ်ရှင်ကတော့…တကယ့်ကို..ခံစားချက်အကြောင်းဖတ်စာ ပါပဲ။ ခင်ဗျား အများကြီး သင်ယူရရှိပါလိမ့်မယ်။