The Graduates FHD

The Graduates

Drama FHD 2024-11-01 5 87 Min

ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့သူ ဘယ်သူပိုနာကျင်ရလဲ။သွားလေသူကတော့ မသိနိုင်တော့ပေမဲ့ ကျန်ရစ်သူတွေရဲ့ဘဝဟာ တစ်ဆစ်ချိုးကိုရောက်ရှိသွားရပါတယ်။တိုင်လာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်းတစ်ခုမှာ အတူတူတက်ရောက်နေကြတဲ့ အရမ်းရင်းနှီးကြတဲ့ဘော်ဒါတွေပါ။တစ်နေ့မှာတော့ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီးတိုင်လာနဲ့ ကျောင်းသားကျောင်းသူအချို့ သေဆုံးသွားပါတယ်ဒီဇာတ်ကားလေးမှာတော့ ကျန်ရစ်သူတွေကြုံတွေ့ရတဲ့စိတ်ဒဏ်ရာတွေ၊ ပြန်မရနိုင်တော့တဲ့အမှတ်တရတွေကြောင့်ခံစားရတဲ့ ခံစားချက်တွေကို ထင်ဟပ်စေအောင် ရိုက်ကူးထားပါတယ်အထက်တန်းကျောင်းပြီးလို့ ခွဲခွာကြရတော့မဲ့  သူငယ်ချင်းတွေအထက်တန်းကျောင်းသားဘဝ နဲ့ လူငယ်ဘဝရဲ့ တစ်စိတ်တပိုင်းကိုဇာတ်လမ်းဇာတ်ကွက် ရိုးရိုးအေးအေးလေးနဲ့ပိုင်ပိုင်နိုင်နိုင်တင်ဆက်ပြသထားသလို ကြည့်ရင်းကြည့်ရင်းနဲ့ ငယ်ဘဝကိုအမှတ်ရမိစေမဲ့ nostalgic vibe အပြည့်နဲ့ ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူးခင်ဗျာ။