Over The Red River FHD

Over The Red River

Drama FHD 2024-06-18 8.3 84 Min

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုသမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်းခရီးကို ရှုစားရမှာဖြစ်ပါတယ်..Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာလားမသိဘဲခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေအသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ်မုဒိန်းပြုကျင့်ခံရပြီးယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကိုမြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့်အသက်ပျောက်ခဲ့ရပါတယ်..မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲညီမဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့်အရူးမီးဝိုင်းနေခဲ့ရပါတယ်..ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အားမမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာသနားဖွယ်အမျိုးသမီးကိုကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေးနေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါတစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲကူညီပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ပေတစ်ရာလျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ညွှန်ပေးလွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်..ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီးမှားခဲ့တဲ့ မပဋာဟာအပူရှိန်ပြင်းပြင်း နေရောင်အောက်မှာရေဓာတ်ခမ်းခြောက်မှုကြောင့် သွေးရူးသွေးတမ်းဖြစ်လျက်တောမြင်တောင်မြင်တွေမြင်ပါတော့တယ်…ထိုသို့ဖြစ်ရင်း ခရီးတစ်နေရာအရောက် လူရမ်းကားအဖွဲ့ထဲမှာပါခဲ့သူအင်ဒီးယန်းတစ်ယောက်နဲ့ပက်ပင်းတိုးတဲ့အခါမှာတော့…ဒီကားလေးဟာဆိုရင် Western အမျိုးအစားရုပ်ရှင်ချစ်သူများအတွက်ဆက်တင်အသွင်အပြင်တွေကိုအာသာပြေရုံကြည့်ရှုနိုင်မှာဖြစ်ပြီးအတိုက်အခိုက်အသတ်အပုတ်တချို့လည်း တွေ့မြင်ရမှာဖြစ်လို့မြည်းစမ်းကြည့်ရှုနိုင်ဖွယ် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…