တားရော့ရူး အမတစ်ယောက်ကြောင့် နာမည်ရင်းထက် နာမည်ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်ယောက် မတော်လောဘမက်တဲ့ မြေပိုင်ရှင် လင်မယား နှစ်ယောက်ကြောင့် အိမ်ပေါ်ကဆင်းရဖို့အကြောင်းဖန်လာတဲ့အခါ…အမေဖြစ်သူကလည်း ကင်ဆာရောဂါ ခံစားနေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်သေးတဲ့အချိန် မြေပိုင်ရှင်လင်မယားအိမ်မှာ ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ…အိမ်ကြီးရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်တွေအိမ်ကြီးထဲမှာ ဘာတွေ လျှို့ဝှက်ထားတာတွေရှိလဲ… အိမ်ကြီးထဲဝင်ဖောက်မိတဲ့အခါ ဘာတွေတွေ့ကြုံရမလဲ… ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲလေးတွေလည်းပါတာမို့ရယ်လည်းရယ်ရမယ့် ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။