Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်းလေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ SawakoKuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ“Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော်တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကိုခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီးကောင်လေးတစ်ယောက် Shota Kazehaya (HarumaMiura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehaya ကြောင့်Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့်တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ်ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင်ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှုရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ NaotoKumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက်ပါတယ်။ကားဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ originalanime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ်လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်းအပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။