အလောင်ကားတွေ အဆွေးကားတွေအကြည့်များပြီး ပြာဖြစ်နေတဲ့CM ပရိသတ်တို့အတွက်ကျေးလက်သဘာဝအကြောင်းရိုက်ကူးထားတဲ့ ဂျပန် ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တောတောင်ရေမြေရဲ့သဘာဝ၊ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်တဲ့ဂျပန်နယ်မြို့လေးရဲ့ နေထိုင်မှုဘဝကို တစေ့တစောင်းရိုက်ကူးပြထားပြီးသွားရည်ယိုချင်စရာ Sandwich လေးတွေကိုပါ ငမ်းရမှာဆိုတော့ညဘက်မှာကြည့်မိရင်တော့ ရေခဲသေတ္တာထဲ လှန်လှောရှာမိစေမယ့်ရုပ်ရှင်လေးပါပဲ။တိုကျိုမှာSandwichဆိုင်ဖွင့်ထားတဲ့ Kurumiနဲ့ Kaedeဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကပုံမှန် ဖြစ်ရိုးဖြစ်စဉ်ဘဝတွေထဲမှာ ရှင်သန်ရတဲ့ဘဝကို မနှစ်မြို့ရာက စလို့ကားပေါ်မှာ Sandwichဆိုင်ပြောင်းဖွင့်ဖို့ အကြံရရာကနေ အစပြုထားပါတယ်။ဦးတည်ရာမဲ့လျှောက်သွားရင်းနဲ့ ရောက်တဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့ မီနူးသစ်ကိုတီထွင်တာကတော့Traveling Sandwich ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။ဒီတစ်ခါမှာတော့ Sandwich ကားလေးက ရောက်တတ်ရာရာသွားရင်းနဲ့တာကာဆာကီဆိုတဲ့ စိုက်ပျိုးရေးမြို့လေးကို ရောက်သွားပါတယ်။“ပေါင်မုန့်ဆိုတာ ရှိနေရင်ဝေမျှရတယ်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ Kurumiတစ်ယောက်လမ်းမှာတွေ့သမျှလူတွေကို ကူညီရင်းနဲ့ ရွာသားတွေနဲ့ ဘယ်လိုရင်းနှီးသွားမလဲ။စိုက်ပျိူးရေးမြို့ငယ်လေးဖြစ်တာနဲ့အညီ ဒေသထွက်ကုန်ဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေနဲ့ဘယ်လိုထူးခြားတဲ့ sandwich တွေကို ဖန်တီးသွားမလဲ။သူတို့ကိုတည်းခိုခွင့်ပေးထားတဲ့တောင်သူကြီးယိုဂျီရဲ့ပြဿနာကိုရောဘယ်လိုကူညီဖြေရှင်းပေးသွားမလဲဆိုတာကို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။စိတ်အပန်းဖြေဖို့ ရုပ်ရှင်လေးတစ်ကားလည်းကြည့်ချင်တယ်အချိန်လည်းအများကြီးမပေးချင်ဘူးဆိုသူတွေအတွက်တစ်နာရီနဲ့ Healingဖြစ်စေမယ့် ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။